လေမလည်ဘဲအောင့်ထားလျှင် ပါးစပ်မှထွက်လာနိုင်

Posted on

နယူးကာဆယ်ယူနီဗာစတီက အာဟာရနဲ့အစာခြေမှုဆိုင်ရာ ကျွမ်းကျင်သူဖြစ်တဲ့ ပရော်ဖက်ဆာ ကလဲရ်ကောလင်းစ်က တကယ်လို့ သင်ဟာ လေလည်ချင်တာကို အတင်းအောင့်ထားမယ်ဆိုရင် ဓါတ်ငွေ့တွေဟာ အောက်ကနေ အပေါ်ကို တက်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒီလိုအောင့်ထားတဲ့အတွက် ဝမ်းဗိုက်အောင့်တာလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လေလည်ချင်တာကို အောင့်ထားတာဟာ ဖိအားတွေ ဖြစ်ပေါ်လာပြီး နေထိုင်ရတာ ခက်ခဲစေတယ်။ တစ်ချို့ ဓါတ်ငွေ့တွေက ခန္ဓာကိုယ်လည်ပတ်မှုထဲ ပါဝင်သွားပြီး ပါးစပ်ကနေ အသက်ရှူထုတ်တဲ့အခါ ပြန်ပါသွားနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ် လို့ သူမကဆိုပါတယ်။

လေလည်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အစာခြေမှုစနစ်အတွက် လိုအပ်တဲ့ သဘာဝတုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ အစားအစာကို အူသိမ်လေးတွေမှာ ခြေဖျက်တဲ့အခါ တစ်ချို့မခြေဖျက်နိုင်တဲ့ အစိတ်အပိုင်းတွေကို အူထဲက ဘက်တီးရီးယားတွေက အချဉ်ဖောက်ခြင်းဖြင့် ဖျက်စီးကြေပျက်စေတဲ့အတွက် ဓါတ်ငွေ့ဆိုးတွေ ထွက်ပေါ်လာတာပါ။

ပရော်ဖက်ဆာကောလင်းစ်ကတော့ အဆိုပါဓါတ်ငွေ့ဆိုးတွေဟာ အူတွေရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေက ထွက်လာနိုင်တယ်လို့ ထပ်မံခွဲခြမ်းပြပါတယ်။ လေလည်ခြင်းဖြစ်လာမယ့် ဂက်စ်တွေဟာ အူသိမ်ထဲမှာ ဘိုင်ကာဘွန်နိတ်နဲ့ အစာခြေအက်ဆစ်တို့ ပေါင်းပြီး ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် သို့မဟုတ် အူမကြီးထဲမှာ နေထိုင်တဲ့ ဘက်တီးရီးယားတွေ အစာခြေဖျက်ရာမှ ထွက်လာတဲ့ ဓါတ်ငွေ့ စသဖြင့် ကွဲပြားပါတယ်။

တကယ်လို့ ပြောချင်လွန်းလို့ တို့လည်း လေလည်ဖို့လိုအပ်လာတဲ့အခါ အဆင်ပြေမယ့်နေရာကို တိတ်တဆိတ် ပြောင်းရွှေ့တာဟာ အောင့်ထားတာထက် ကျန်းမာရေးအတွက် ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင် အစာခြေစနစ်နဲ့ ဝမ်းဗိုက်ပိုင်းမှာ ဝေဒနာခံစားရနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *