သမိုင်းဝင်စတန့်တွေလုပ်ခဲ့တဲ့ သတ္တိရှင်အမျိုးသမီး ၁၀ဦး

Posted on

၁ Annie Edson Taylor – Niagara ရေတံခွန်ပေါ်ကနေ စည်ပိုင်းစီးခဲ့သူ(ပထမဆုံးအကြိမ်)

Annie Edson Taylor ဟာ Niagara ရေတံခွန်ကို ပထမဆုံးသွားခဲ့တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စည်ပိုင်းနဲ့စီးခဲ့တဲ့ ပထမဆုံးသောလူသားဖြစ်ပါတယ်။ သူမရဲ့ဘ၀သက်တမ်းကို ဆရာမနဲ့ dancer အဖြစ်ကုန်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့စည်ပိုင်းစိတ်ကူးကြောင့် နာမည်ကြီးလာခဲ့ပါတယ်။ ကူရှင်၊ လေ၀င်ပေါက်တွေပါဝင်တဲ့ စည်ပိုင်းကို သေချာတည်ဆောက်ခဲ့ပြီးတော့ ၆၃နှစ်ပြည့်မွေးနေ့ (Oct 24, 1901) မှာ သမိုင်းဝင်လုပ်ရပ်တစ်ခုကို လုပ်ခဲ့တာပါ။သူမဟာ ၁၉၂၁ခုနှစ်မှာ သေဆုံးသွားခဲ့ပေမယ့်လည်း အခုအချိန်ထိ သူမကိုအမှတ်တရရှိနေကြဆဲပါ။

၂ Maria Spelterini – Niagara ရေတံခွန်ပေါ်ကို ကြိုးတန်းလျှောက်ခဲ့သူ(ပထမဆုံးအကြိမ်)

အီတလီမျိုးနွယ် Maria Spelterini ကတော့ Niagara ကို ကူးဖြတ်ချိန်မှာ အသက် ၂၃နှစ်သာ ရှိပါသေးတယ်။ ၁၈၇၆ခုနှစ် Niagara ကို ကြိုးတန်းနဲ့ ဖြတ်လျှောက်ခဲ့တာပါ။ သူမဟာ ဒီလုပ်ရပ်အတွက် ပထမဆုံးသောအမျိုးသမီးတစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ကြိမ်တည်းလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒုတိယတစ်ကြိမ်မှာတော့ စည်ပိုင်းလေးတွေထဲကို ခြေထောက်ထဲပြီးတော့ ကူးပြခဲ့တာပါ။

၃ Debbie Lawler ခေါ် အိန်ဂျယ်လ်ပျံ

သူမကို အိန်ဂျယ်လ်ပျံ လို့ခေါ်ရတဲ့အကြောင်းရင်းရှိပါတယ်။ သူမရဲ့ မြေပြင်ဆွဲအားကို ဆန့်ကျင်နိုင်တဲ့အစွမ်းသတ္တိကြောင့်ပါ။ ၁၉၇၄ခုနှစ်မှာ သူမဟာ Houston Astrodome မှာ ထရပ်ကား၁၆စီးကို ခုန်ကျော်နိုင်ခဲ့တဲ့ Evel Knievel ရဲ့ indoor စံချိန်ကိုချိုးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ၀တ်စုံရဲ့အောက်မှာတော့ ကံကောင်းစေတဲ့ လိမ္မော်ရောင်ဘရာလေးကို ၀တ်ဆင်ထားခဲ့ပါတယ်။၁၉၇၄ခုနှစ်မှာ မမျှော်လင့်တဲ့ လေလမ်းကြောင်းတွေနဲ့ တွေ့ခဲ့ပြီးနောက်မှာ ဦးထုပ်ဆောင်းခဲ့ပါတယ်။သူဟာ ကားတစ်မျိုးတည်းကိုပဲ လုပ်ဆောင်နိုင်ခဲ့ပေမယ့် အမျိုးသမီးအခုန်စံချိန်ကိုတော့ ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

၎ Mabel Stark အမည်ရှိ ပထမဆုံးကျားလေ့ကျင့်ရေးသမား

Mabel Stark (Mary Haynie) ကတော့ original “catwoman” ပါပဲ။ အကြောက်တရားကင်းမဲ့တဲ့ ကျားလေ့ကျင့်သူတစ်ယောက်ဖြစ်ပြီးတော့ အဖြူရောင်ဝတ်စုံ၊ သားရေဘွတ်အမြင့်စားနဲ့ တွေ့မြင်ရပါတယ်။Stark အလုပ်အတွက် heyday ကတော့ ၁၉၂၀ခုနှစ်များဆီက ဖြစ်ခဲ့တာပါ။ သူမဟာ Madison Square Garden မှာအလုပ်လုပ်ခဲ့ပြီး ကျား၁၈ကောင်ကို တစ်ကြိမ်တည်းလေ့ကျင့်ပေးခဲ့တာပါ။ လုပ်သက်တစ်လျှောက် သုံးကြိမ်လောက် တိုက်ခိုက်ခံရပြီး ၅၇နှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ ၇၉နှစ်အရွယ်ရောက်ချိန်မှာတော့ Jungleland ရဲ့ အလုပ်ထုတ်ခြင်းကိုခံလိုက်ရပြီး စိတ်ကျရောဂါကြောင့် အိပ်ဆေးတွေအလွန်အကျွံသောက်ခဲ့တယ်လို့ ဆိုပါတယ်။

၅ တစ်ခုတည်းသော ကမ္ဘာ့ Wing Walking အဖွဲ့ဝင် အမျိုးသမီးသုံးဦး

အမျိုးသားတွေတောင် လုပ်ဖို့ခဲယဉ်းတဲ့စတန့်ပါပဲ။ Sarah Tanner ၊ Danielle Hughes နဲ့ Stella Guilding တို့ကတော့ Breitling Wing Walker တွေအဖြစ်လူသိများကြပြီးတော့ ကမ္ဘာပေါ်မှာလည်း တစ်ဖွဲ့တည်းသာရှိခဲ့ပါတယ်။ classic Boeing Stearman biplanes တွေပေါ်တက်ပြီးတော့ သူတို့တွေဟာ တစ်နာရီ ၁၅၀မိုင်နဲ့ ကွေ့ကာဝိုက်ကာ မောင်းနှင်ခြင်း၊ အပေါ်အောက်မောင်းနှင်ခြင်းတွေနဲ့ စတန့်ထွင်ခဲ့တာပါ။

၆ ကမ္ဘာ့စံချိန်ချိုးနိုင်တဲ့ အမျိုးသမီးဆိုင်ကယ်စတန့် – Jolene Van Vugt

Jolene Van Vugt ဟာ ကမ္ဘာ့စံချိန်ချိုးနိုင်တဲ့ အမျိုးသမီးဆိုင်ကယ်စတန့်ပညာရှင်ဖြစ်ပါတယ်။ Nitro Circus TV show မှာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး ကမ္ဘာ့စံချိန်တွေကိုလည်း ချိုးထားနိုင်ပါတယ်။ full-sized dirt bike စီးရင်း နောက်ပြန်လှည့်နိုင်တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ပါတယ်။ Nitro Circus နဲ့အလုပ်တွဲလုပ်ခဲ့ပြီးတော့ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။

၇ ပထမဆုံးသော လူသားကျည်ဆံ – Zazel

Zazel ကတော့ ပထမဆုံးသော လူသားကျည်ဆံ ဖြစ်ပါတယ်။ သူမရဲ့နာမည်အပြည့်အစုံကတော့ Rossa Matilda Richter ဖြစ်ပေမယ့်လည်း ပွဲအတွက် Zazel ဆိုတဲ့နာမည်နဲ့အလုပ်လုပ်ခဲ့ပါတယ်။ အမြောက်ကျည်ဆံအဖြစ်နဲ့ ပွဲထွက်ခဲ့တာပါ။၁၈၇၇၊ ဧပြီ၁၀ရက်နေ့မှာ လန်ဒန်ရဲ့ Royal Aquarium မှာတုန်းက သူမအသက်က ၁၄နှစ်သာ ရှိခဲ့ပါတယ်။ စပရိန်ထည့်ထားတဲ့ အမြောက်ဟာ သူမကို ၆.၁မီတာအကွာအထိ ပစ်ခဲ့ပြီးတော့ သတ္တိအမျိုးသမီးတစ်ဦး ဖြစ်သွားပါတယ်။ Zazel ဟာ ပီတီ ဘာနမ်နဲ့လည်းတွဲဖက်ပါဝင်ခဲ့ပြီးတော့ စတန့်လုပ်ရင်းနဲ့ ကျောရိုးကျိုးသွားခဲ့ပါတယ်။

၈ Helen Gibson – ပထမဆုံးသော ပရော်ဖက်ရှင်နယ် စတန့်သမား

Helen Gibson ကတော့ ပထမဆုံးသော ပရော်ဖက်ရှင်နယ် စတန့်သမားအဖြစ် ဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ မြင်းစီးစတန့်အဖြစ်နဲ့ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဘက်မှာလည်း စတန့်တွေလုပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရုပ်ရှင်လုပ်ငန်းက စတင်ကာစသာ ရှိပါသေးတယ်။သူမရဲ့ပထမဆုံးသောစတန့်တွေထဲကတစ်ခုကတော့ အထင်ရှားဆုံးတစ်ခုဖြစ်ပါတယ်။ ခေါင်မိုးပေါ်ကနေ မောင်းနှင်နေတဲ့မီးရထားပေါ်ကို ခုန်ကူးတဲ့အခန်းမှာ နာမည်ကျော်သွားခဲ့ပါတယ်။ အဲဒီနေရာဟာ Adventures of Helen series ရဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ အဲဒါကြောင့် သူမနာမည်အရင်းပျောက်သွားပြီးတော့ Helen ဆိုတဲ့နာမည်ရလာခဲ့ပါတယ်။ နောက်ထပ် episodes ၆၉ခုလည်း ရိုက်ကူးခဲ့ပါတယ်။ ဟောလိဝုဒ်မှာ အနှစ်၅၀လောက် အလုပ်လုပ်ခဲ့ပြီးနောက် အသက်၆၉နှစ်အရွယ်မှာ အနားယူခဲ့ပါတယ်။

၉ ကောင်းကင်ကနေဒိုက်ထိုးချတဲ့ ကမ္ဘာ့စံချိန်ရှင် အမျိုးသမီး၆၃ဦး

ဒီစံချိန်ကိုချိုးတဲ့အမျိုးသမီးတွေကတော့ လူမျိုး၁၈မျိုးဖြစ်ပြီးတော့ အတူတူလုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့ Arizona ရဲ့ Eloyမှာ ၄၁ယောက်စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

၁၀ ပျားမင်းသမီး

Oregonian Sarah Mapelli ကတော့ ကိုယ်လုံးတီးပြသတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူမရဲ့ကိုယ်ကို ပျားပေါင်း ၂၀၀၀ နဲ့ ဖုံးအုပ်ပြီးတော့ အများရှေ့မှာ performance လုပ်ခဲ့ပါတယ်။ ပျားတွေရဲ့ပျံသန်းမှုကို လိုက်ပြီးတော့ ကခဲ့တဲ့အတွက် ပျားအကလို့ သတ်မှတ်ထားကြပါတယ်။ သူဟာ စတန့်လုပ်နေတာဖြစ်ပေမယ့် Sarah အတွက်ကတော့ ဒီလိုလုပ်ရင်းနဲ့ သဘာဝကိုပိုမိုခံစားတတ်လာပြီးတော့ သူမကိုယ်သူမ သူမတူနဲ့နည်းလမ်းနဲ့ ဖော်ပြခွင့်ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *