ကိုယ့်ဆီးကို ပြန်သောက်ခြင်းကြောင့် အသားဖြူနေခြင်းဟု ဆိုလိုက်တဲ့ အမျိုးသမီး

Posted on

အ သက်(၃၀)အရွယ် Ruby Karyo အမည်ရ အမျိုးသမီးဟာ ကိုယ့်ဆီးကို ပြန်သောက်ခြင်းကြောင့်၊ အခုလို အသားရည်စိုပြည်လန်းဆန်းနေတာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ Ruby ဟာ (၁၁)နှစ်ကြာ Urine therapy ပြုလုပ်ခဲ့သူဖြစ်ပြီး သူမကတော့ အသားရေအတွက် ဂုဏ်ယူနေပါတယ်။

Ruby ဟာ တစ်ခါတလေမှာ မိမိရဲ့ဆီးရေနဲ့ မျက်နှာသစ်လေ့ရှိကြောင်း၊ ဒီနည်းစနစ်ကို ဖခင်ဆီကနေ ရရှိခဲ့တာလို့ ပြောပါတယ်။ ကိုယ့်ဆီးနဲ့ကိုယ် မျက်နှာသစ်ရာက သူငယ်ချင်းတွေက “မင်းမျက်နှာ ကြည့်ကောင်းလာတယ်”လို့ ပြောရာကနေ Urine therapy ကို စတင်ခဲ့တာပါ။

Ruby ဟာ ကလေးတစ်ယောက် မိခင်ဖြစ်ပြီး၊ သူမ အသက်(၁၉)နှစ်မှာ ဖခင်ဖြစ်သူက “မင်း လှချင်တယ်ဆိုရင် ကိုယ်သေးနဲ့ကိုယ် မျက်နှာသစ် “လို့ တိုက်တွန်းခဲ့ကြောင်း၊ အဲဒါကြောင့် မနက်လင်းပြီဆိုတာနဲ့ သူမဟာ ကိုယ့်ဆီးနဲ့ကိုယ် မျက်နှာသစ်တဲ့အကျင့်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

Ruby က ဒီနည်းကို လက်ခံကျင့်သုံးမယ်ဆို မျက်နှာပေါ်မှာ ဆီးတွေကို သုတ်လိမ်းပြီးတာနဲ့ နာရီပိုင်းလောက်အထိ နှပ်ထားဖို့လိုကြောင်း၊ ဖြစ်နိုင်ရင် တစ်ရက်လောက် ထားဖို့လိုတယ်လို့တောင် ပြောပါတယ်။ အိပ်ယာဝင်ရင်လည်း ဒီအတိုင်း နှပ်ထားပါလို့ အကြံပေးပါတယ်။

Ruby ကတော သူမကိုယ်တိုင်က Urine therapy ကို ယုံကြည်သူဖြစ်လို့၊ ကိုယ်ပိုင်ဆီးကို မရွံမရှာသောက်ကြောင်း၊ ဒါကြောင့်လည်း အချိန်တိုအတွင်းမှာ အလွန်လှပတဲ့အသားအရည်ကို ပိုင်ဆိုင်ခဲ့တာလို့ ပြောပါတယ်။ ဒီလိုသောက်တာကတော့ အမြဲတမ်းမဟုတ်ဘဲ တစ်ပတ်မှာ နှစ်ကြိမ်သာလျှင်လို့ ဆိုပါတယ်။

သူမရဲ့ အသက်(၅၆)နှစ်အရွယ် ရည်စားဖြစ်သူ Brian Offenburger ကလည်း Urine therapy ကို ယုံကြည်စွာကျင့်သုံးသူဖြစ်ကြောင်း၊ Brian ရဲ့အကြောင်းကိုလည်း ဗဟုသုတအဖြစ်နဲ့ နောက်တစ်ရက်မှာ D Nae Thit ပရိသတ်ကြီးအတွက် ဆက်ပြီး တင်ဆက်ပေးပါ့မယ်။

လင်းဇော်ကို (D Nae Thit)

Leave a Reply

Your email address will not be published. Required fields are marked *