ဆံပင်တွေ ပြန်ပေါက်လာခြင်းက ရှူးရှူးတွေသောက်လို့ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ အမျိုးသား

Posted on

မနေ့ကပဲ D Nae Thit မှာ ဖော်ပြထားခဲ့တဲ့ သတင်းတစ်ပုဒ်မှာတော့ အမျိုးသမီးတစ်ယောက်က သူမ အသားဖြူရခြင်း၊ အသားရေ စိုပြည်လှပရခြင်း အကြောင်းအရင်းမှာ ကိုယ်ပေါက်တဲ့ဆီးကို ပြန်သောက်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့အသားရည် အမည်းရောင်ကြောင့် လူတွေ ရယ်စရာ ဖြစ်စေခဲ့တဲ့သတင်းပါ။

အဲဒီအမျိုးသမီးအမည်ကတော့ Ruby Karyo ဖြစ်ပြီး၊ အသက်(၃၀)ပါ။ အခု ဖော်ပြမယ့် သတင်းကတော့ သူမရဲ့ (၅၆)နှစ်အရွယ် ချစ်သူဖြစ်တဲ့ Brian Offenburger အကြောင်း ဖြစ်ပါတယ်။ သူကတော့ အစက ဆံပင်တွေကျွတ်ခဲ့ပေမယ့်၊ အခု ဆံပင်တွေ ပေါက်လာခြင်းမှာ ဆီးတွေကို ပြန်သောက်လို့ပါလို့ ပြောပါတယ်။

Brain နဲ့ Ruby ဟာ အများရွံစရာ Urine Therapy ကို လက်ခံကျင့်သုံးကြသူတွေပါ။ သူတို့ဟာ ဒီစနစ်ကို တကယ်ကျင့်သုံးတယ်မသုံးဘူးဆိုတာကိုတော့ ကာယကံရှင်တွေဖြစ်တဲ့ သူတို့ကိုယ်တိုင်ပဲ သိနိုင်မှာပါ။ တစ်ချို့ကလည်း ဒီမောင်နှံဟာ နာမည်ကြီးချင်လို့ အဆန်းတွေ လျှောက်ထွင်နေတာလို့ ယုံကြည်နေကြပါတယ်။

Ruby ကတော့ သူမ အသက်(၁၉)နှစ်အရွယ်ကတည်းက ဆီးနဲ့မျက်နှာသစ်၊ တစ်ပတ်ကို ဆီးရည် နှစ်ကြိမ်အထိ သောက်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့လည်း သူမရဲ့ အလှအပဟာ ထင်ပေါ်နေပြီး၊ အသားရေကလည်း စိုအိနေတာလို့ ပြောပါတယ်။

Brain ကတော့ ပြီးခဲ့တဲ့ (၈)လကမှ Ruby နဲ့ စတွဲခဲ့တာပါ။ အဲဒီတုန်းက သူဟာ ဆံပင်တွေကျွတ်လို့ ခေါင်းက ခပ်ပြောင်ပြောင် ပါဘဲ။ နောက်တော့ ချစ်သူ Ruby ညွှန်ကြားတဲ့နည်းလမ်းကို လိုက်နာခဲ့ရာ၊ လအနည်းငယ်အတွင်းမှာ ဆံပင်တွေ ပြန်ပေါက်လာတယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ လူနေမှုစနစ်က အများနဲ့မတူ ကွဲပြားနေတာကတော့ အမှန်ပါဘဲ။

လင်းဇော်ကို (D Nae Thit)

Leave a Reply

Your email address will not be published. Required fields are marked *