ဇနီးလေးဆီက Surpriseအဖြစ် မွေးကင်းစကလေးဖိနပ်နဲ့ စာအိပ်တစ်ခုကြောင့် မျက်ရည်ကျခဲ့ရတဲ့ ဂျွန် Video

Posted on

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ သူငယ်ချင်းများစွာထဲက တစ်ဦးဖြစ်တဲ့ အဆိုတော် ဂျွန် ဟာဆိုရင် စိုင်းစိုင်းနဲ့အတူ သီချင်းတွေဆိုရင် ပရိသတ်အားပေးမှုများစွာရရှိထားသူပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတဲ့ ” ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းလေးထဲမှာလည်း ချစ်သူ ဆရာဝန်မလေးကို အမွှန်းတင်ပြီးဆိုထားတဲ့စာသားတွေနဲ့ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
ဂျွန်နဲ့ သူ့ရဲ့ အသဲလေးအေးတဲ့ ချစ်သူ ဆရာဝန်မလေး တို့ကလည်း ” ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းထွက်ရှိပြီးနောက်ပိုင်းမှာ ပရိသတ်တွေအားကျရတဲ့ စုံတွဲဖြစ်လာခဲ့ပါတယ်။ ဇနီးချောဆရာဝန်မလေးကို ပိုင်ဆိုင်ထား ဂျွန်က တော့ အမြဲဂုဏ်ယူမဆုံးဖြစ်နေတာပါ။
ဒီတစ်ခါမှာတော့ အဆိုတော်ဂျွန်က ဇနီးလေးဆီက သူမထင်မှတ်ထားတဲ့ Surprise ကိုရရှိခဲ့လို့ မျက်ရည်ကျတဲ့အထိ ဝမ်းသာသွားခဲ့ပါတယ်။
ချစ်ဇနီးလေး ပေးတဲ့လက်ဆောင် Surprise လေးကတော့ သူ့ရဲ့ ရင်သွေးလေးလွယ်ထားရကြောင်းကို ပြောတာပဲ ဖြစ်ပါတယ်။
အသည်းနုတဲ့ ပရိသတ်အချစ်တော်ကြီး ဂျွန်ကတော့ ချစ်ဇနီးလေးရဲ့ လက်ဆောင်ကြောင့် မျက်ရည်ကျတဲ့အထိဖြစ်ခဲ့တာပါ။
ပရိသတ်ကြီးအတွက် Video File လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဇနီးလေးဆီက Surpriseအဖြစ် မွေးကင်းစကလေးဖိနပ်နဲ့ စာအိပ်တစ်ခုကြောင့် မျက်ရည်ကျခဲ့ရတဲ့ ဂျွန် Videoဇနီးလေးဆီက မထင်မှတ်ထားပဲ ရင်သွေးလေးလွယ်ထားရတဲ အကြောင်း surpriseလုပ်ခဲ့လို့ မျက်ရည်ကျ တဲ့အထိဖြစ်သွားတဲ့ ဂျွန် ရဲ့အကြောင်းကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
MoekalaySource;myat thiri maung

Leave a Reply

Your email address will not be published. Required fields are marked *