ထိုင်းနိုင်ငံရဲ့အနုပညာရှင်တွေကြားမှာတောင် ထင်ရှားနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ပွဲတက်ပုံရိပ်တွေ

Posted on

နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းရုံတင်မဟုတ်ပဲ သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းပီပြင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝထက်ပိုပြီး ရရှိထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က Junction city JCGVမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Thai Film Show biz ပွဲအခမ်းအနားကို ချစ်စရာဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့အနုပညာရှင်တွေကြားမှာတောင် ထင်ရှားနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ပွဲတက်ပုံရိပ်တွေကတော့ အရမ်းကို လှနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် Thai Film Show biz ပွဲအခမ်းအနားကို အလှဆုံးဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ပွဲတက်ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ထိုင်းနိုင်ငံအနုပညာရှင်တွေနဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်တို့ တက်ရောက်ခဲ့တဲ့ Thai Film Show biz ပွဲအခမ်းအနားကိုတော့ ဒီနေ့ သြဂုတ်လ (၂၉) ရက်နေ့မှာ Junction city JCGVမှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စီးပွားရေးဒုသံမှူး တို့ တက်ရောက်ခဲ့ပြီး London Sweeties ဇာတ်ကားကိုလဲ ပြသခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအနုပညာရှင်တွေကြားမှာ ထင်ရှားနေရောပဲ ကစ်ရယ်…။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ တလောကမှ ချင်းတောင်မှာ ‘တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး တစ်ခြားသော အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတာပါ။ သူမပါဝင် သရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကလည်း အရမ်းကောင်းလွန်းလို့ အောင်မြင်မှုတွေများစွာ ရရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်အချိန်ကြည့်ကြည့် ထင်ပေါ်နေတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ ဝတ်မှုန်ရွှေရည်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Wutt Hmone Shwe Yi’s Facebook
Photo;Momolay TV

Leave a Reply

Your email address will not be published. Required fields are marked *