လစဥ္ပုံမွန္ဝင္ေငြ ၃ သိန္းရွိ႐ုံနဲ႔ အိမ္ခန္းတစ္ကယ္ ပိုင္ဆိုင္ႏိုင္ၿပီလား..?

Posted on

Zawgyi ျဖင့္ဖတ္ရန္

တစ္ေန႔တစ္ျခား လူေနထူထပ္လာတဲ့ ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕ႀကီးေတြမွာ ကိုယ္ပိုင္အိမ္ေလးတစ္လုံးေလာက္ ပိုင္ဆိုင္ၿပီး ေအးေအးခ်မ္းခ်မ္းေနခ်င္ၾကတာ မိသားစုအေတာ္မ်ားမ်ားရဲ႕ ေမွ်ာ္လင့္ခ်က္ဆႏၵတစ္ခု ျဖစ္ပါတယ္။

အိမ္ၿခံေျမေဈးကြက္ေတြ ဟိုးယခင္ေတြကထက္စာရင္ ထိုးက်ေနေပမယ့္ အဲဒီပမာဏကိုက သာမန္ဝန္ထမ္းေတြ၊ အေျခခံလူတန္းစားေတြ အတြက္ေတာ့ လက္လွမ္းမမီႏိုင္ ျဖစ္ေနပါေသးတယ္။
ႏိုင္ငံေတာ္အစိုးရကလည္း တတ္ႏိုင္တဲ့ဘက္ကေန တန္ဖိုးသင့္၊ တန္ဖိုးနဲ စတဲ့ အိမ္ရာေတြ ေဖာ္ေဆာင္ေပးေနေပမယ့္ ေလာက္ငမႈ မရွိေသးတဲ့အတြက္ ကိုယ္ပိုင္အိမ္ခန္းေလးနဲ႔ အလွမ္းေဝေနၾကတဲ့ မိသားစုေတြ အမ်ားႀကီး ရွိေနဆဲျဖစ္ပါတယ္။

ဒီအခက္အခဲေတြကို ေျပလည္ၿပီး မိသားစုတိုင္း ကိုယ္ပိုင္အိမ္ခန္းေလး ပိုင္ဆိုင္ခြင့္ရေအာင္ အခုဆိုရင္ ဘဏ္ေတြဘက္ကလည္း သူတို႔ကူညီႏိုင္သေလာက္ ႏွစ္ရွည္ေခ်းေငြေတြနဲ႔ ဝယ္ယူႏိုင္ေအာင္ စီစဥ္ေပးလာၾကပါတယ္။

ဒါဆိုရင္ လစဥ္ပုံမွန္ဝင္ေငြ ၃ သိန္းရွိ႐ုံနဲ႔ တူတူတန္တန္ အိမ္ခန္းေလးတစ္ခန္း တစ္ကယ္ပိုင္ဆိုင္ႏိုင္ပါၿပီလား..?

သင့္မွာဆႏၵလည္းရွိမယ္၊ ေခ်းေငြေလွ်ာက္ရာမွာ သတ္မွတ္ထားတဲ့ ေအာက္ပါအခ်က္လက္ေတြလည္း ျပည့္စုံမယ္ဆိုရင္ အမွန္တစ္ကယ္ပိုင္ဆိုင္ႏိုင္ပါၿပီ။

၁။ သင္ဟာ ျမန္မာႏိုင္ငံသားျဖစ္ၿပီး အသက္အ႐ြယ္ ၂၀ နဲ႔ ၅၀ ၾကား ျဖစ္ရပါမယ္။
၂။ ဝယ္ယူလိုတဲ့ အိမ္ခန္းတန္ဖိုးရဲ႕ ၃၀% လက္ငင္းေပးေခ်ႏိုင္တဲ့ စုေဆာင္းေငြရွိရပါမယ္။ (ဥပမာ သိန္း ၁၀၀ တန္ တိုက္ခန္းအတြက္ သိန္း ၃၀ အသင့္စုထားၿပီး ျဖစ္ရမွာပါ၊ က်န္တဲ့ ၇၀% ကိုပဲ ဘဏ္ကေခ်းမွာျဖစ္ပါတယ္)
၃။ လစဥ္ပုံမွန္ဝင္ေငြနဲ႔ ပက္သက္တဲ့ စာ႐ြက္စာတမ္းအေထာက္အထားမ်ား
၄။ မိမိကို ေထာက္ခံေပးမည့္သူ (၁)ဦး ႏွင့္ သူ႔ရဲ႕ ကိုယ္ေရးအခ်က္လက္မ်ား
၅။ ဝယ္ယူလိုတဲ့ အိမ္ခန္းရဲ႕ စာ႐ြက္စာတမ္း အေထာက္အထားမ်ား

စတာေတြကို မိမိေခ်းယူလိုတဲ့ ဘဏ္နဲ႔ခ်ိပ္ဆက္ၿပီး ေလွ်ာက္ထားဝယ္ယူႏိုင္ပါတယ္။

ေခ်းေငြသက္တမ္းကိုေတာ့ ၁ ႏွစ္ကေန ၁၅ ႏွစ္ထိ အရစ္က်ျပန္ဆပ္တဲ့စနစ္ သတ္မွတ္ထားပါတယ္။
အတိုးႏႈန္း ၁၃% ႏႈန္း သတ္မွတ္ထားေပမယ့္ လစဥ္ျပန္ဆပ္ရာမွာ က်န္ေငြေပၚမွာပဲ အတိုးတြက္သြားတာျဖစ္လို႔ တစ္လထက္ တစ္လေလ်ာ့က်လာၿပီး ႏွစ္ေစ့သြားတဲ့အခါ ပွ်မ္းမွ်အားျဖင့္ တစ္ကယ္ေပးရတဲ့ အတိုးႏႈန္းက ၇% သာရွိတယ္လို႔ ဘဏ္တာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။
လစဥ္ပုံမွန္ ၃ သိန္း ဝင္ေငြရွိသူေတြအတြက္ ဘယ္ေလာက္တန္ အိမ္ခန္းဝယ္ယူႏိုင္မလဲ..?
၃ သိန္း ပုံမွန္ဝင္ေငြ ရွိသူေတြအတြက္ ၁၅ ႏွစ္အရစ္က် ေခ်းယူႏိုင္မယ့္ အမ်ားဆုံး ပမာဏက (၁၄,၂၂၆,၅၂၅.၅၃ က်ပ္) ၁၄၂ သိန္းစြန္းစြန္း ျဖစ္ပါတယ္။

ဒါေၾကာင့္ သိန္း ၂၀၀ စြန္းစြန္းတန္ အိမ္ခန္းအတြက္ ဘဏ္ကသတ္မွတ္ထားတဲ့ လက္ငင္းေငြေခ်မႈ အိမ္တန္ဖိုး ၃၀% ျဖစ္တဲ့ သိန္း ၆၀ ရွိႏွင့္ထားရင္ ၁၅ ႏွစ္အရစ္က်နဲ႔ ဝယ္ယူႏိုင္ပါၿပီ။

အိမ္ခန္းဝယ္ယူၿပီးပါက အိမ္ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းမ်ားကို ဘဏ္ကသိမ္းဆည္းထားမွာျဖစ္ၿပီး အရစ္က်ေငြေၾကၿပီးမွ ပိုင္ရွင္ထံ ျပန္လည္လႊဲေျပာင္းေပးမွာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ လစဥ္ ပုံမွန္ဝင္ေငြ ၃ သိန္း ရွိ႐ုံနဲ႔ အမွန္တစ္ကယ္ အိမ္ခန္းတစ္ခန္း ပိုင္ဆိုင္ႏိုင္ပါၿပီ သို႔ေသာ္..

မွတ္ခ်က္။ ။ အခ်က္လက္မ်ားကို AYA Home Lone မွ ရယူထားျခင္းျဖစ္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

လစဉ်ပုံမှန်ဝင်ငွေ ၃ သိန်းရှိရုံနဲ့ အိမ်ခန်းတစ်ကယ် ပိုင်ဆိုင်နိုင်ပြီလား..?

တစ်နေ့တစ်ခြား လူနေထူထပ်လာတဲ့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးလောက် ပိုင်ဆိုင်ပြီး အေးအေးချမ်းချမ်းနေချင်ကြတာ မိသားစုအတော်များများရဲ့ မျှော်လင့်ချက်ဆန္ဒတစ်ခု ဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကွက်တွေ ဟိုးယခင်တွေကထက်စာရင် ထိုးကျနေပေမယ့် အဲဒီပမာဏကိုက သာမန်ဝန်ထမ်းတွေ၊ အခြေခံလူတန်းစားတွေ အတွက်တော့ လက်လှမ်းမမီနိုင် ဖြစ်နေပါသေးတယ်။
နိုင်ငံတော်အစိုးရကလည်း တတ်နိုင်တဲ့ဘက်ကနေ တန်ဖိုးသင့်၊ တန်ဖိုးနဲ စတဲ့ အိမ်ရာတွေ ဖော်ဆောင်ပေးနေပေမယ့် လောက်ငမှု မရှိသေးတဲ့အတွက် ကိုယ်ပိုင်အိမ်ခန်းလေးနဲ့ အလှမ်းဝေနေကြတဲ့ မိသားစုတွေ အများကြီး ရှိနေဆဲဖြစ်ပါတယ်။

ဒီအခက်အခဲတွေကို ပြေလည်ပြီး မိသားစုတိုင်း ကိုယ်ပိုင်အိမ်ခန်းလေး ပိုင်ဆိုင်ခွင့်ရအောင် အခုဆိုရင် ဘဏ်တွေဘက်ကလည်း သူတို့ကူညီနိုင်သလောက် နှစ်ရှည်ချေးငွေတွေနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးလာကြပါတယ်။

ဒါဆိုရင် လစဉ်ပုံမှန်ဝင်ငွေ ၃ သိန်းရှိရုံနဲ့ တူတူတန်တန် အိမ်ခန်းလေးတစ်ခန်း တစ်ကယ်ပိုင်ဆိုင်နိုင်ပါပြီလား..?

သင့်မှာဆန္ဒလည်းရှိမယ်၊ ချေးငွေလျှောက်ရာမှာ သတ်မှတ်ထားတဲ့ အောက်ပါအချက်လက်တွေလည်း ပြည့်စုံမယ်ဆိုရင် အမှန်တစ်ကယ်ပိုင်ဆိုင်နိုင်ပါပြီ။

၁။ သင်ဟာ မြန်မာနိုင်ငံသားဖြစ်ပြီး အသက်အရွယ် ၂၀ နဲ့ ၅၀ ကြား ဖြစ်ရပါမယ်။
၂။ ဝယ်ယူလိုတဲ့ အိမ်ခန်းတန်ဖိုးရဲ့ ၃၀% လက်ငင်းပေးချေနိုင်တဲ့ စုဆောင်းငွေရှိရပါမယ်။ (ဥပမာ သိန်း ၁၀၀ တန် တိုက်ခန်းအတွက် သိန်း ၃၀ အသင့်စုထားပြီး ဖြစ်ရမှာပါ၊ ကျန်တဲ့ ၇၀% ကိုပဲ ဘဏ်ကချေးမှာဖြစ်ပါတယ်)
၃။ လစဉ်ပုံမှန်ဝင်ငွေနဲ့ ပက်သက်တဲ့ စာရွက်စာတမ်းအထောက်အထားများ
၄။ မိမိကို ထောက်ခံပေးမည့်သူ (၁)ဦး နှင့် သူ့ရဲ့ ကိုယ်ရေးအချက်လက်များ
၅။ ဝယ်ယူလိုတဲ့ အိမ်ခန်းရဲ့ စာရွက်စာတမ်း အထောက်အထားများ

စတာတွေကို မိမိချေးယူလိုတဲ့ ဘဏ်နဲ့ချိပ်ဆက်ပြီး လျှောက်ထားဝယ်ယူနိုင်ပါတယ်။

ချေးငွေသက်တမ်းကိုတော့ ၁ နှစ်ကနေ ၁၅ နှစ်ထိ အရစ်ကျပြန်ဆပ်တဲ့စနစ် သတ်မှတ်ထားပါတယ်။
အတိုးနှုန်း ၁၃% နှုန်း သတ်မှတ်ထားပေမယ့် လစဉ်ပြန်ဆပ်ရာမှာ ကျန်ငွေပေါ်မှာပဲ အတိုးတွက်သွားတာဖြစ်လို့ တစ်လထက် တစ်လလျော့ကျလာပြီး နှစ်စေ့သွားတဲ့အခါ ပျှမ်းမျှအားဖြင့် တစ်ကယ်ပေးရတဲ့ အတိုးနှုန်းက ၇% သာရှိတယ်လို့ ဘဏ်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
လစဉ်ပုံမှန် ၃ သိန်း ဝင်ငွေရှိသူတွေအတွက် ဘယ်လောက်တန် အိမ်ခန်းဝယ်ယူနိုင်မလဲ..?
၃ သိန်း ပုံမှန်ဝင်ငွေ ရှိသူတွေအတွက် ၁၅ နှစ်အရစ်ကျ ချေးယူနိုင်မယ့် အများဆုံး ပမာဏက (၁၄,၂၂၆,၅၂၅.၅၃ ကျပ်) ၁၄၂ သိန်းစွန်းစွန်း ဖြစ်ပါတယ်။

ဒါကြောင့် သိန်း ၂၀၀ စွန်းစွန်းတန် အိမ်ခန်းအတွက် ဘဏ်ကသတ်မှတ်ထားတဲ့ လက်ငင်းငွေချေမှု အိမ်တန်ဖိုး ၃၀% ဖြစ်တဲ့ သိန်း ၆၀ ရှိနှင့်ထားရင် ၁၅ နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်ပါပြီ။

အိမ်ခန်းဝယ်ယူပြီးပါက အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ဘဏ်ကသိမ်းဆည်းထားမှာဖြစ်ပြီး အရစ်ကျငွေကြေပြီးမှ ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ လစဉ် ပုံမှန်ဝင်ငွေ ၃ သိန်း ရှိရုံနဲ့ အမှန်တစ်ကယ် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်ပါပြီ သို့သော်..

မှတ်ချက်။ ။ အချက်လက်များကို AYA Home Lone မှ ရယူထားခြင်းဖြစ်ပါတယ်။

Credit : popolay

Leave a Reply

Your email address will not be published. Required fields are marked *