အွန်လိုင်းဆယ်လီကောင်မလေး Niana ရဲ့ Message ကို Reply လုပ်ခဲ့တဲ့ Chanyeol

Posted on

Facebook ဆယ်လီ၊ အွန်လိုင်းဆယ်လီမောင်နှမဖြစ်တဲ့ Niana Guerrero နဲ့ သူမရဲ့ အစ်ကို Ranz Kyle တို့ ၂ ယောက်ကို ပရိသတ်ကြီးတို့ အတော်များများသိကြ၊ ရင်းနှီးကြမှာပါ။ ဖိလစ်ပိုင်လူမျိုးတွေဖြစ်ကြတဲ့ သူတို့ မောင်နှမ ၂ ယောက်ဟာ Cover Dance တွေ၊ Funny Video လေးတွေ ရိုက်ကူးရာကနေတဆင့် အွန်လိုင်းမှာ လူသိများလာကြတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်တော့ မောင်နှမ ၂ ယောက်ရဲ့ Follower တွေဟာ လူမှူကွန်ရက်မှာ သန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
Challenge Video တွေလည်း ရိုက်ကူးပြီး ဆိုရှယ်မီဒီယာတွေမှာ တင်လေ့ရှိတဲ့ မောင်နှမ ၂ ယောက်ဟာ သြဂုတ်လ ၂၉ ရက်နေ့ မနေ့ကပဲ ဗီဒီယိုအသစ်လေးတစ်ခုကို သူတို့တွေရဲ့ လူမှုကွန်ရက်အသီးသီးကနေ မျှဝေခဲ့ပါတယ်။
အဲဒါကတော့ မောင်နှမ ၂ ယောက်လုံးက သူတို့ရဲ့ ကိုယ်ပိုင်အင်စတာဂရမ်အကောင့်တွေနဲ့ နိုင်ငံတကာက နာမည်ကြီးအနုပညာရှင် အယောက် ၁၀၀ ဆီကို စာတွေပို့ပြီး ဘယ်အနုပညာက စာပြန်မလဲဆိုတဲ့ Challenge မျိုးပါပဲ။
သူတို့ပို့ခဲ့တဲ့ အနုပညာရှင်တွေများစွာထဲမှာ နာမည်ကျော် K-pop Idol တွေဖြစ်ကြတဲ့ EXO အဖွဲ့ဝင် Chanyeol နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ ၂ ယောက်လည်းပါဝင်ပြီး သူတို့ပို့လိုက်ကြတဲ့ Message တွေကိုတော့ အယောက် ၁၀၀ လုံးက ပြန်ပြီး Reply မလုပ်ခဲ့ကြပါဘူး။
ဒါပေမယ့်လည်း Reply လုပ်ကြတဲ့အနုပညာရှင်တွေထဲမှာ EXO ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Chanyeol ကတော့ ပါဝင်ခဲ့ပါတယ်။ Chanyeol ကို Message ပို့လိုက်သူကတော့ Niana Guerrero ဖြစ်ပြီး Message ထဲမှာ Niana က “Hey….ကျွန်မကို Follow လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရှင့်ကို ချစ်ကြတဲ့ ပရိသတ်တွေက ဖိလစ်ပိုင်မှာ အများကြီးရှိပါတယ်” လို့ ရေးလိုက်တာ ဖြစ်ပါတယ်။
သူမကို Chanyeol ပြန်ပြီး Reply လုပ်တဲ့အခါမှာတော့ “မင်းရဲ့ အကတွေကို ငါ သဘောကျပါတယ်။ မင်းဆီကနေလည်း အများကြီးသင်ယူစရာတွေရခဲ့ပါတယ်။ ဆက်ပြီးလည်း ကောင်းမွန်တဲ့ကကွက်တွေနဲ့ လူတွေအများကို ကပြပေးပါဦး။ ငါ့ဆီကို စာပို့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ဆိုပြီး ရေးခဲ့တာ ဖြစ်ပါတယ်။
Ranz and NianaChallenge တစ်ခုအနေနဲ့ စာပို့လိုက်တယ်ဆိုပေမယ့်လည်း Chanyeol ဆီကနေ Reply ပြန်လည်ရရှိခဲ့တဲ့ Niana ကတော့ ကံကောင်းတဲ့မိန်းကလေးတစ်ယောက်ပါပဲနော်။
Ref : Ranz Kyle’s YouTube ChannelMia (Momolay)

Leave a Reply

Your email address will not be published. Required fields are marked *